Powered By Blogger

Thursday, 3 November 2011

လေးဝတီ: ဘီဘီစီ နားမထောင် စာသားပါ ကမ်ပိမ်းအတွက် ဓါတ်ပုံရိုက်ပနာ ပို့  ပီးကတ်ပါ

အယင်မလိုကတ်ပါကေ့ ရခိုင်လွတ်လပ်ရေး ကုလားရန်အတွက် ဖက်ဒရယ် အယင် တောင်းကတ်ပါအုံးမယ်။

ဒေပိုင်ခေါင်းစဉ်နန့်ရီးလိုက်လို့ ကျွန်တော်ကို စာဖတ်သူရို့က ကျွန်စိတ်ပေါက်နီရေ လူတစ်ယောက်လို့ သတ်မှတ်ကတ်ပါဖို့လား။ အဂုနန့်ဆိုကေ ရခိုင်ပြည် ရခိုင်လူမျိုး တိုင်းတစ်ပါးသားအောက် ရောက်နီစွာ (ကျွန်ဖြစ်လာစွာ) ၂၂၆ နှစ် ဟိလားခဗျာလ် ကျွန်တော်အသက်ထက် ၂၀၁ နှစ်ကြီးလားခဗျာလ်။ ယကေ မင်းက (ဇာဖြစ်လို့ အယင်မလိုစွာလေ) စာဖတ်သူရို့မိန်းကတ်ပါ ကျွန်တော်မှာလည်း ဆီလျှော်ရေ အကြောင်းပြချက်ဟိပါရေ။

ကျွန်တော်ရို့ ရခိုင်လူမျိုးကို ကမ္ဘာနဲန့်နှိုင်းပြီးကေ ပြောလို့ရစွာတစ်ခုက ကျွန်ခံချင်စိတ် မဟိဆုံးနဲန့် ကျွန်သက် အရှည်နီဆုံးလူမျိုး ဒေပိုင်နှိုင်းပြရေအတွက် အထောက်အထား အကိုးအကားတော ပြောရဖို့ ဖြစ်လားခပါဗျာလ်။ ရခိုင်ပြည်ကို ဗမာဘုရင်မောင်ဝိုင်း စစ်မကြေငြာပဲ သိမ်းပိုက်ခရေ ယင်းအချိန်ကပင် တောင်မင်းကြီးကျော်ထွီး၊ ငကျွဲတစ်ကောင်နိုင် အစဟိရေ လူတိ အချုပ်အချာ အဏာပြန်ရဖို့အတွက် ပုန်ကန်ခရေ။ ယင်းလူတိလွန်ရေအချိန် ကောင်းစားဖို့မျော်လင့်ချက်နန့် ကျွန်အယင်ဆုံး ၀င်ခစားမိရေ (ငမိုက်သား ငသံဒေ) ၏သား ဗိုလ်ချင်းပျံက ဗမာမင်းကို ပုန်ကန်မူအဆုံး။

အင်္ဂလိပ်အကူ အညီနန့် မင်းသားကြီး ရွှေဘန်း၊ ဒေ၀န်ကြီး အောင်ကျော်ရွှီ၊ မြို့သူကြီး အောင်ကျော်ဇံ ရခိုင်ပြည်ကို ၀င်သိမ်း နောက်တစ်ဖန် အင်္ဂလိပ် လိမ်မှန်းသိရေအခါ အင်္ဂလိပ်ကို ပုန်ကန် အားမတန်လို့ ကျရှုံး။ ယင်းပိုင်နန့်ကျွန်သံဿရာလည် သခင် တစ်ခောတ်ပြောင်း။

ယင်းဗမာ ဘုရင်မောင်ဝိုင်းသိမ်းရေ လောက်ကပင် အင်္ဂလိပ် ၀င်လာရေအထိ ယင်းခောတ်တစ်လျှောက် ဖြတ်သန်းလာရရေ ရခိုင်လူမျိုးတိ၏ သွီးအိုင်ထဲက တောက်ခေါက်သံတိ ကမ္ဘာ မကျေရေ အငြိုတိ၊ အဖြစ်တိကို အဂုခောတ် ရခိုင်သား စိတ်ကူနန့် ပုံမဖေါ် ရဲလောက် အထိ။ ရခိုင်ပြည်လူဦးရေဆိုစွာလည်း ရခိုင်ဘုရင်တိ ရွှေခောတ်အခါက တင်းဝါးပန်းခိုင်တစ်မြိုင်မြိုင် (၇၅၅၂၇၅၅) ယောက် အကြမ်းဖြင့်ဆိုကေ (၇) သန်းခွဲပယေ။ အင်္ဂလိပ် ၀င်လာလို့ ရခိုင်ပြည် လူဦးရေ စာရင်းစစ်ကြည့်ရေအခါ တစ်သိန်းရာ ကျန်ပါရေလဒ် အပြန်အလှန်တိုက်ခိုက်မူကြောင်း သီသူကသီ၊ ပြီးသူကပြီး၊ လူခွန်ဖြစ်သူကဖြစ်၊ ရောဂါဘယနန့် သီသူကသီ၊ ရည်ရွယ်ချက် ဟိဟိနန့် အသတ်ခံရသူကခံရ၊ သမိုင်းကို ဆန်းစစ်ကြည့်ရေအခါ မိမိ အနီနန့် ဗမာ ဘုရင်အား ပုန်ကန်ခြင်းကို အားရမိကေလည်း အင်္ဂလိပ် ၀င်လာရေအခါ ရခိုင်ပြည် လူဦးရေ တစ်သိန်းနန့် အင်္ဂလိပ်ကို တော်လှန်စွာကိုတော တစ်ဖက်က ကျွန်မခံတတ်တယ် ရခိုင်သားဆိုပြီးကေ ဂုဏ်ယူတတ်ကေလည်း တစ်ခြားတစ်ဖက်က ရခိုင်မင်းမျိုးမင်းနွယ်တိ စိတ်ဆန္ဒထဲ ကိုယ့်ထီးကိုယ့်နန်းကို အယင်လိုနီကတ်တယ် ဆိုပြီးကေ နှစ်မျိုးခံစားမိပါရေ။ (အဂုရခိုင်ပြည်လူဦးရေစွာ ယင်းလက်ကျန်တစ်သိန်းနန့် ဘင်္ဂလာထဲထွက်ပြီး ပြီးကေ ပြန်ဝင်လာရေ တစ်သိန်း ပေါင်းနှစ်သိန်းက ပွားလာရေ လူဦးရေပါချင့်) အမှန်က ရခိုင့်မင်းမျိုးမင်းနွယ်တိစွာ လူဦးရေ အင်အားတစ်ခု စောင့်ဆိုင်းခသင့်ပါမလား။

ယင်းပိုင်နန့် အင်္ဂလိပ် အုပ်ချုပ်တယ်အခါ လူဦးရေနန့်မလိုက်အောင် စာတတ်ပီတတ် ပွားများရေလူမျိုး ယင်းအထဲက တစ်ချို့ အင်္ဂလိပ်နန့်ပူးပေါင်းပြီးကေ ရခိုင်ပြည်တိုးတက်အောင်လုပ်ဖို့ ဆိုပြီးကေ အမြင်ဟိရေလူတိ၊ နောက်တစ်မျိုးက အင်္ဂလိပ်ကို ပုန်ကန်လို့ လွတ်လပ်ရေးယူဖို့အုပ်စု ပထမ ပူးပေါင်းလုပ်အုပ်စုက ရခိုင်ပြည်မှာ မိုင် ၂၀ ပြည့်အောင်လမ်းမဖေါက်နိုင်ခ ရခိုင်ပြည် တောင်ပိုင်း၊ မြောက်ပိုင်း၊ အနောက်ပိုင် ဆက်သွယ် နိုင်ခဖို့စွာ အ၀ီးကြီး ဒုတိယ အုပ်စုက မိမိလူမျိုး လူဦးရေနန့် အင်္ဂလိပ်ကို မတွန်းလှန်နိုင်စွာသိလို့ ကျွန်စိတ်ပေါက်နီရေ ဗမာလူမျိုးကို မျိုးချစ်စိတ်ဓာတ် (ကျွန်မခံချင်စိတ်ဓာတ်) သွင်းပီး နည်းပြလမ်းညွန် ဦးဆောင်ဦးရွက်လုပ်ပြ။ ယင်းပိုင်နန့် ဗမာလူမျိုး အမျိုးသားရေစိတ်ဓာတ် နိုးကြားလာရေအခါ ဦးဆောင်ဦးရွက်ပြုရေ ရခိုင်သားတိ နီရာပျောက်။ ကမ္ဘာက သတ်တိကောင်းရေလို့ပြောကတ်တယ် ဂျပန်ကို (သီနတ်နန့်ရန်သူကို) ဒါးကိုင်လို့ တိုင်းပြည်တွင်းက အယင်ဆုံးနှင်ထုတ်ခရေ လူမျိုး၊ လွတ်လပ်ရေး ရဖို့လား၊ ရဖို့လား မျော်လင့်ချက်နန့် ဗမာနန်ပေါင်းလုပ်ယင်း ကျွန်ပုန်းကိုလိုနီဖြစ်လားခရေလူမျိုး ခောတ်အဆက်ဆက် အမျိုးသားလွတ်လပ်ရေအတွက် တော်လှန်ရေးနန့် မကင်းခရေလူမျိုး ဒေနိန်ဒေအချိန်မှာလည်း နိုင်ငံရေးစိတ်၊ဓာတ်ကို မြန်မာနိုင်ငံ၏ တစ်ခြားဒေသ လူမျိုးတိထက် နိုးကြားရေလူမျိုး။

အမှန်က ပထမအုပ်စုလုပ်တယ်ပိုင် အင်္ဂလိပ်နန့်ပူးပေါင်းပြီးကေ မိမိလူမျိုး တစ်ယောက်နန့်တစ်ယောက် ဒေသ တစ်ခုနန့် တစ်ခု ဆက်သွယ်လို့ကောင်းအောင် လမ်း၊ တန်းထားတိ ဖေါက်နိုင်ခဖို့ဆိုကေ ဒေသိယ အစွဲသျှေတိဖြစ်တယ် (ရမ်းဗြဲသား၊ ကျောက်ဖြူသား၊ အနောက်ရခိုင်သား၊ စစ်တွေသား) ဆိုရေ အစွဲသျှေတိပျောက်ပြီးကေ ရခိုင်ဆိုရေ အသိစိတ်သျှေနန့် မိမိရို့ ရည်ရွယ်ချက် ပန်းတိုင်ကို ဒေထက် အယင် ချီတက် နိုင်ခပါဖို့မလား။

အဂုက တစ်မျိုးသားလုံးစည်းလုံးရေးဆိုရေ ဂန္ဒကို အကောင်ထည် ဖေါ်ယင်း ထက် မကျော်လွန်နိုင်သိ။ အဂုဆိုကေ ဒီမိုကရေစီဆိုရေ လမ်းစဉ်ကို ရောယောင်ယင်း တစ်ချို့လည်း နောက်က အားတက်သရောလိုက်လို့။ မြန်မာနိုင်ငံအတွက် အဓိက လိုအပ်မူစွာ ဒီမိုကရေစီပါလား (ကချင်ဆိုကေ ၀န်ကြီးမဖြစ်နိုင်၊ ကရင်ဆိုကေ ဗိုလ်ချုပ်မဖြစ်နိုင် ရခိုင်ဆိုကေ သမတမဖြစ်နိုင်) ခောတ်ကြီးအတွက် လူမျိုးချင်း တန်းတူဖြစ်ဖို့က အယင်အရေးကြီးပါရေမလား။ (တောင်ပိုင်းသား၊ မြောက်ပိုင်းသား)မဆိုလို့ ရခိုင်ဆိုရေ တစ်ခုတည်းအတွက် လုပ်ဖို့ အဖွဲ့( ပါတီ) ၏ လုပ်ဆောင်ချက်ကိုရာ ထောက်ခံအားပီးကတ်ပါ။ ဒေနိန့် ဒေအချိန်မှာရခိုင်တိစွာ ပြည်တွင်းမှာ တစ်ယောက်နန့်တစ်ယောက် ဆက်သွယ်ရခက်လို့ အနည်းနန့်အများ ဒေသိယ အစွဲဟိကေလည်း ပြည်ပ ရခိုင်သားတိက ယင်းချင့်တိကို ကျော်လွန်လားခဗျလ် ကျွန်တော်ရို့ မလေးသျှားမှာဆိုကေ တစ်ယောက်နန့်တစ်ယောက် အခေါ်အပြောလုပ်ကေ ကိုယ့်ထက်ကြီးရေလူဆိုကေ တောင်ပိုင်းသားအခေါ်အဝေါ်အတိုင်း ကြီးသူကို ငယ်သူက (ဂိုးသျှေ) လို့ရာခေါ်ရေ။ ကောင်းသော စည်းလုံးညီညွတ်မူပါမလားချင့်။ ကျွန်တော်ရို့ရခိုင် တစ်မျိုးတည်းအပြင် ဒေသအတွင်းဟိရခိုင်အနွယ်ဝင် မြို့၊ သက်၊ ခူမွီ၊ ဒိုင်းနက်၊ ချင်း၊ ကမန်၊ မရမာ ယင်းလူတိလည်း ဒေစိတ်ဖြစ်အောင် ရခိုင်သားတိက ဦးဆောင်လို့ လုပ်ပီးနိုင်ခကေ ကောင်းပါဖို့။

၂၀၁၀ ရွီးကောက်ပွဲအခါက အမိန်းဖြေတစ်ခုမှာ ကြားမိလိုက်ပါရေ ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ အကြီးအကဲတစ်ယောက်က မြို ခေါ် ခူမီး အမျိုးသားတိုးတက်ရေး ပါတီနန့် ပြိုင်ရဖို့ဆိုလို လူမျိုးစုပါတီရာ မိမိရို့ကို အနိုင်မရနိုင်ဆိုပြီးကေ အထင်သေးရေ ပြောကြားချက် တစ်ခုကို။ ဒေပိုင်ဆိုကေ ခူမီးကလည်းပါတီဝင်ပြိုင် ဒိုင်းနက်ကလည်း ပါတီဝင်ပြိုင် မရမာကလည်း ပါတီဝင်ပြိုင် ကမန်ကလည်းပါတီ ၀င်ပြိုင်ကေ ရခိုင်သား ဇာတတ်နိုင်ပါဖို့လဲချင့် ရခိုင်ပြည်လွတ်လပ်ရေးဆိုစွာလည်း ယင်းလူတိပါ ထောက်ခံမူရမှ ဖြစ်ဖို့ဆိုစွာ ရခိုင်ခေါင်းဆောင်တိ မိနီကတ်ပါလား။ ယင်းအနွဲဝင်ခေါင်းဆောင်တိကိုလည်း ရခိုင်ခေါင်းဆောင်လို့ ရခိုင်လူမျိုးတိ အသိမှတ်ပြုအောင် ပူးပေါင်းလို့ စည်းရုံးပီးရပါဖို့မလား။ ဖြစ်စီချင်စွာကိုပြော မိစွာပါရာ။

ယကေ အထက်က ခေါင်းစဉ်ကို စာဖတ်သူရို့ပြန်မိန်းနိုင်ပါရေ။ ဇာဖြစ်လို့လွတ်လပ်ရေး အယင်မလိုစွာလေလို့ …..

ရခိုင်ပြည်ကို အပြီးသတ် လွတ်လပ်ရေးတိုက်ယူပစ်ဖို့ဆိုရေ အမျိုးသားခံယူချက် ယုံကြည်ချက်နန့် လုပ်နီရေလူတိကို မိမိအနီနန့် စော်ကားမော်ကားပြောကြားခြင်းမဟုတ်ပါ။ မိမိဆန္ဒအရ ရခိုင်လူမျိုးကို စစ်တလင်းပြင်ထဲ အကြောက်တလန့်နဲန့် ရက်ဆက်နီရဖို့စွာတိ၊ အဖက်ဖက်က တိုးတက်မူနောက်ကျနီရေ ရခိုင်ပြည်ကို အမှောင်ချပြီးကေ နှစ်ဖက် အပြန်အလှန်ထိမ်းချုပ်ထားကတ်ဖို့စွာတိ၊ ကချင်၊ ကရင်၊ ရှမ်း ဒေသတိမှာ ဖြစ်ပေါ်နီရေပိုင် ပေါ်တာဆွဲစွာတိ၊ မဒေးကျင့်စွာတိ ယင်းပိုင်ဒုက္ခဘေးတိ မကျရောက်စီချင်လို့ပါရာ။ အပြီးကေ ဒေနိန်ခောတ်နိုင်ငံရေးမှာ အပြီးသတ်တော်လှန်ရေး မဆုံးခင် စေစပ်ဆွေးနွေးရေး နန့်စီ အဆုံးသတ်လားခပါမလား။

ဒေနိန့်ဒေအချိန်မှာ မျာစွာသော ဗမာနိုင်ငံရေး သမားများသည် ဖက်ဒရယ်အော်နီကြခြင်း၊ ဖြစ်ပေါ်လာ မဖြစ်ပေါ်လာ ဆိုခြင်းထက် ဒေပိုင်အချိန်မျိုးမှာ ခွဲထွက်ရေး ရုန်းခကေ ခွဲထွက်ဖို့စွာ အကြောက်ဆုံးဖြစ်တယ် ဗမာနိုင်ငံရေး သမားတိက ကုလားကို ညှပ်ဖဲ အဖြစ် အသိမှတ်ပြုလိုက်ဖို့။ ယင်းပိုင်ရာဆိုကေ ရခိုင်သား လမ်းပျောက်လားပါဖို့။ ဖက်ဒရယ်အော်လိုက်ကေ မြန်မာနိုင်ငံက တိုင်းရင်းသားဆိုသူတိစွာ ဗမာလူမျိုးတိကို မယုံကြည်ရေအတွက် အနာဂတ်ဖွဲ့စည်းပုံမှာ သူရို့၏ စစ်တပ်ကို ထည့်သွင်းဖို့တောင်းဆိုလာဖို့။ ယင်းခါ ရခိုင်တိလည်း သူရို့စစ်တပ်ထည့်ဖြစ်ကေ ကိုရို့ရခိုင်စစ်တပ်လည်း ထည့်ပီးရဖို့လို့ တောင်းဆိုလာလို့ရရေ။ ရစွာကို ယူထားရဖို့ စစ်တပ်တစ်ခုလုံး ဖွဲ့စည်းပုံထဲမှာ ထည့်ဖြစ်ကေ ဇာကို ကြောက်နီပါဖို့သိလဲ လင်နန့် မယားတောင် မကြိုက်ကေ၊ သဘောထား မတိုက်ဆိုင်ကေ ကွာကတ်သိယင့် ယင်းအချိန်ပြည်သူ့ဆန္ဒ ဆိုစွာလည်း ပါလာကေ အလိုလို ဖြစ်လာဖို့စွာပါရာ ဒေနိန်ဒေအချိန်မှာ ကမ္ဘာပတ်ပြီး လိမ်အော်နီရေ ကုလားရန်အတွက် ရခိုင်သားတိ ဖက်ဒရယ်အယင် တောင်းကတ်ပါအုံးမယ်။

အောင်မျိုးသူ (မလေးသျှား)

Tuesday, 25 October 2011

Saturday, 20 August 2011

ရခိုင်၏ စီးပွားရေး အရ အချက်အချာကျ နေရာများ လူမျိုးခြားများ လက်သို့ ရောက်ရှိနေ

ရခိုင်၏ စီးပွားရေး အရ အချက်အချာကျ နေရာများ လူမျိုးခြားများ လက်သို့ ရောက်ရှိနေ

--------ရခိုင်ပြည်နယ် သံတွဲ နှင့် ကျောက်ဖြူမြို့နယ်များရှိ စီးပွားရေး အရ အချက်အချာကျသော နေရာများကို ၀ယ်ယူပြီး ရင်းနှီးမြုပ်နှံသူ များပြားလာသဖြင့် အိမ်ခြံမြေ အများအပြားမှာ လူမျိုးခြားများ လက်သို့ တဖြည်းဖြည်း ရောက်ရှိနေကြောင်း သတင်း ရရှိသည်။ ကျောက်ဖြူ ဒေသခံ တစ်ဦးက ကျောက်ဖြူမြို့တွင် ဖြစ်ပေါ်နေသော လက်ရှိ အိမ်ယာ ခြံမြေ ဈေးကွက် အကြောင်းကို ယခုလို ပြောသည်။
 သံတွဲမြို့နယ်မှ သာယာလှပသော မြေနေရာများမှာ ဒေသခံ ရခိုင်များ လက်ထဲတွင် မရှိတော့ပါ။ ( ဓါတ်ပုံ- နိရဉ္စရာ)
“ကျောက်ဖြူမှာ အိမ်ခြံမြေ ဈေးနှုန်း တက်တာကတော့ တနေ့ရွှေ တနေ့ငွေပါပဲ။ ကျောက်ဖြူ မြို့ပေါ်မှာ နေရာ မကောင်း အိမ်မကောင်း ဆိုလည်း အနည်းဆုံး သိန်း ၂၀၀ ကျော် ဈေးနုန်းရှိတယ်။ အရောင်း အဝယ် အကျိုးဆောင် ကုမ္ပဏီလို့တော့ မရှိဘူး။ ကြိုက်ရောင်း ကြိုက်ဝယ် ပါဘဲ။ ၂ ထပ် အိမ်တလုံးဆို အနည်းဆုံး သိန်း ၆၀၀ လောက်ရှိတယ်။ အဲဒါ ခြံနဲ့ဝန်းနဲ့ မဟုတ်ဘူး။ သိန်း ၈၀၀ လောက်ဆို ရင်တော့ နည်းနည်း ကောင်းတာ ရနိုင်တယ်” ဟု ပြောသည်။
အိမ်ခြံမြေများကို ၀ယ်ယူနေသူများမှာ မိုးကုတ်ဘက်မှ ဆင်းလာသော တရုတ်များ၊ တရုတ်-ဗမာစပ် ကပြားများနှင့် တရုတ် နောက်ခံ အကျိုးပြုထားသော ဗမာ ကုမ္ပဏီများ ပါဝင်ကြောင်း သိရသည်။ အဆိုပါ တရုတ်များသည် ကျောက်ဖြူမြို့မှ အိမ်ခြံမြေများကို ခေါ်သည့် ဈေးဖြင့် ပေးဝယ်နေသဖြင့် အိမ်ခြံမြေ ဈေးနုန်းများမှာ အဆမတန် မြင့်တက်နေကြောင်း သူက ဆက်ပြောသည်။

“ အရင်တုန်းက ကျောက်ဖြူ သင်္ချီုင်းအနီးက မြေကွက်တွေ ဆိုရင် ငွေ ၂ သိန်းပေးပြီးတောင် ဝယ်မယ့်သူ မရှိဘူး။ အခုကတော့ သိန်းထောင်ချီ တန်ဖိုး ရှိနေပြီ။ ဈေးကြီးတယ်ဆိုတာကလည်း ရင်းနှီး မြှုပ်နှံသူတွေ များတာကိုး။ ဗမာလူမျိုးတွေနဲ့ တရုတ်လူမျိုးတွေက ရေရှည် ကြည့်ပြီး ရင်းနှီး မြှုပ်နှံ ထားကြတယ်။ ရခိုင် လူမျိုးတွေကတော့ အရင်းနှီးလည်း မရှိသလို ရေရှည်ထိ ငွေလည်း စိုက်မထား နိုင်ကြတော့ အိမ်ခြံမြေ ဈေးကွက်မှာ မရင်းနှီးနိုင်ကြဘူးလေ” ဟု သူက ဆက် ပြောသည်။
ကျောက်ဖြူမြို့နယ် အတွင်း အိမ်ခြံမြေဈေးနှုန်း မြင့်တက်နေသော နေရာများမှာ စီးပွားရေးဇုံ အတွင်းပါဝင်သော မဒေးကျွန်း၊ ဂုံးချိန်ကျေးရွာ၊ စေတီယတောင်ရွာနှင့် ကျောက်ဖြူမြို့ပေါ်မှ နေရာများဖြစ်ကြသည်။

အလားတူ သံတွဲမြို့နယ် ကျောက္ကလပ်ကျေးရွာ အုပ်စုအတွင်းရှိ ပင်လယ်ကမ်းခြေနှင့်နီးသည့် ကျေးရွာများ၏ မြေကွက်များကို ကုမ္ပဏီ တခုက ဈေးကောင်းပေး ဝယ်ယူနေကြောင်း သိရသည်။ အဆိုပါ ၀ယ်ယူနေသော မြေနေရာသည် ငပလီ ကမ်းခြေကဲ့သို့ လှပသော ကမ်းခြေတခုဖြစ်ကြောင်း ဒေသခံ ကျောက္ကလပ် ရွာသား တစ်ဦးက ပြောသည်။
“ သာယာလှပတဲ့ နေရာတွေဆိုတော့ စီးပွားရေးသမားတွေက ၀ယ်ကြတာပေါ့လေ။ အရင်နှစ်တွေကတော့ မြေတဧကကို ကျပ်သိန်း ၃၀ လောက်နဲ့ ဝယ်မည့်သူ မရှိဘူး။ အခု ကုမ္ပဏီတခုက မြေတဧကကို သိန်း ၂၀၀ ပေးပြီး ဝယ်သွားတယ်။ အခြား ကုမ္ပဏီတွေကလည်း မြေဈေးနှုန်းတွေ လာရောက် လေ့လာတာတွေရှိတယ်။ မြေဈေးနှုန်းတွေက တဖြည်းဖြည်း မြင့်တက်လာတယ်။ ဒေသခံတွေကတော့ အဲဒီမြေတွေပေါ်မှာ ဥယျာဉ်ခြံစိုက်ပျိုးတာလောက်သာ လုပ်ကြတယ်။ စီးပွားရေးသမားတွေကတော့ ကမ်းခြေသစ် တခု ဖြစ်လာနိုင်တယ်လို့ ရည်ရွယ်ပြီး ရင်းနှီးမြှုပ်နှံမှု ပြုလုပ်လာကြတာ ဖြစ်ပါတယ်” ဟု ပြောသည်။
ကျောက္ကလပ်ကျေးရွာ အုပ်စုရှိ ကမ်းခြေသည်လည့် ငပလီကဲ့သို့ လှပသော ကမ်းခြေရှိပြီး ငပလီကမ်းခြေမှ ဘင်္ဂလားပင်လယ်အော် တစ်ဖက်ကမ်းတွင် တည်ရှိသည်။ ငပလီကမ်းခြေရှိ လုံးသာရွာမှ သဗြုချိုင်သို့ တနာရီခန့် စက်လှေစီးပြီး ယင်းမှတစ်ဆင့် ကျောက္ကလပ်အုပ်စုသို့ သွားရောက်နိုင်ကြောင်းသိရသည်။

ထိုသို့ လှပသည့် ကမ်းခြေရှိခြင်းကြောင်း ကုမ္ပဏီများက ကမ်းခြေသစ် ဖြစ်လာနိုင်သည့် မျော်လင့်ချက်ဖြင့် ဟိုတယ်များ ဆောက်လုပ်ရန် ရင်းနှီးမြှုပ်နှံ ဝယ်ယူနေကြခြင်း ဖြစ်ကြောင်း သိရသည်။
ကျောက္ကလပ်ကျေးရွာ အုပ်စုတွင် ကျောက္ကလပ်ရွာ၊ မော်ရုံရွာ၊ မော်ရွှေလေးရွာ၊ မော်ရှည်ရွာ၊ ကွင်ဝိုင်းရွာများ ပါဝင်ပြီး ဒေသခံများမှာ သီဟိုဠ်ခြံ၊ အုန်းခြံ၊ စသည့် ဥယျာဉ်ခြံ စိုက်ပျိုးရေးကိုသာ အဓိက လုပ်ကိုင်ကြသည်။
အိန္ဒိယ-မြန်မာ ကုန်သွယ်ရေးအတွက် အရေးပါသည့် စစ်တွေမြို့တွင်လည်း လူမျိုးခြား စီးပွားရေး သမားများက ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် ကြိုးစားသော်လည်း ဒေသခံများက အိမ်ခြံမြေများကို မရောင်းချသည့် အတွက် အရောင်းအဝယ်မရှိသလောက်ဖြစ်နေကြောင်း သိရသည်။ အလားတူ ကြားခံဆိပ်ကမ်း တည်ဆောက်မည့် ပလက်ဝမြို့နယ်တွင်လည်း စီးပွားရေး သမားများက ရင်းနှီး မြှုပ်နှံမှုများ ပြုလုပ်ရန် ကြိုးစားနေကြကြောင်း သိရသည်။

ဗိုလ်ရာဇာနှင့် ခေါင်းဆောင် (၆) ဦးကို လုပ်ကြံခဲ့သော အိန္ဒိယ စစ်စုံထောက်အား မေမြို့တွင် ခိုလုံခွင့်ပေးထား

၉၉၈ ခုနှစ်က ရခိုင်ပြည် တပ်မတော်မှ စစ်ဦးစီးချုပ် ဗိုလ်ရာဇာ အပါအ၀င် ခေါင်းဆောင် (၆) ဦးအား အကောက်ကြံ လုပ်ကြံသတ်ဖြတ်ရာတွင် အဓိကနေရာက ပါဝင်ခဲ့သော အိန္ဒိယ ထောက်လှမ်းရေး တပ်ဖွဲ့မှ လူလိမ် လူကောက် ဗိုလ်မှူးကြီး ဟောင်း Grawel ကို မြန်မာ စစ်အစိုးရမှ မေမြို့တွင် သူ၏ မိသားစုနှင့် အတူ ခိုလုံခွင့် ပေးထားကြောင်း သတင်း ရရှိသည်။

Arakan-army-and-India-army ရခိုင်တပ်မတော်မှ ဗိုလ်ရာဇာ အပါအ၀င် ခေါင်းဆောင်များနှင့် အိန္ဒိယ စစ်အရာရှိများကို အိန္ဒိယ ရှေ့တန်း စစ်စခန်းတစ်ခုတွင် အတူ တွေ့ရစဉ် (ဓါတ်ပုံ- NUPA)
ထိုကဲ့သို့ အဆောင်အယောင်ဖြင့် နေထိုင်ခွင့် ပေးထားကြောင်းကို သရက်ထောင်တွင် အကျဉ်းကျ ခံနေရသော ထောက်လှမ်းရေး ဗိုလ်မှူးဟောင်း စန်းပွင့်က နီးစပ်ရာသို့ ထုတ်ဖေါ် ပြောဆိုကြောင်း သိရသည်။
ထောင်ထဲမှ ထွက်လာသော သတင်းများအရ အိန္ဒိယ ထောက်လှမ်းရေး တပ်ဖွဲ့မှ ဗိုလ်မှူးဟောင်း လူလိမ် လူကောက် Grawel ကို ယခင် စစ်အစိုးရမှ စီးပွားရေး လုပ်ပိုင်ခွင့် အခွင့်အရေးများ ပေးပြီး မန္တလေးတိုင်း မေမြို့တွင် နေထိုင်ခွင့် ပြုထားခဲ့သည်ဟု ဗိုလ်မှူး စန်းပွင့်က ရခိုင် နိုင်ငံရေး အကျဉ်းသားများကို ထုတ်ဖေါ် ပြောဆိုသည်ဟု သိရသည်။

အိန္ဒိယ ထောက်လှမ်းရေးဟောင်း ကာနယ် Grawel အား ဗိုလ်ရာဇာ အပါအ၀င် ရခိုင်နှင့် ကရင် ခေါင်းဆောင် (၆) ဦးကို သတ်ဖြတ်နိုင်ခဲ့သည့် အပြင် ရခိုင် ရေတပ်မတော်ကို အကောက်ကြံ ချေမူးန်းနိုင်ခဲ့သည့် အပေါ် တန်ပြန် ကျေးဇူးဆပ်သည့် အနေဖြင့် မြန်မာ စစ်အစိုးရမှ မေမြို့တွင် အရက်ချက် စက်ရုံ တရုံနှင့် နို့စားနွား မွေးမြူရေး ခြံတစ်ခြံအား လက်ဆောင် ပေးခဲ့သည်ဟု ဆိုသည်။
သို့သော်လည်း အိန္ဒိယ ထောက်လှမ်းရေးဟောင်း Grawel သည် မေမြို့ မှ မည်သည့် နေရာ မည်သည့် ရပ်ကွက် တွင် နေထိုင်နေသည်ကို အတည်ပြုနိုင်ခြင်း မရှိသေးပါ။
အစောပိုင်း သတင်းများအရ အိန္ဒိယ ထောက်လှမ်းရေးဟောင်း Grawel အား မြန်မာ အစိုးရမှ မန္တလေးတွင် နေထိုင်ခွင့် ပြုထားကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။
Grawel သည် ၁၉၉၈ ခုနှစ် ဖေဖေါ်ဝါရီလ အတွင်းက ဗိုလ်ရာဇာ ဦးဆောင်သော ရခိုင်ရေတပ်မတော်အား အန်ဒမန်ကျွန်းရှိ လန်းဖေါ့ကျွန်းတွင် ရေတပ် အခြေစိုက် စခန်းတစ်ခု တည်ဆောက်ရန် စာချုပ် အလိမ်များဖြင့် လှည့်ဖျား ခေါ်ယူခဲ့ပြီး ကျွန်းပေါ် အရောက်တွင် ခေါင်းဆောင် (၆) ဦး လုပ်ကြံသတ်ဖြတ်ပစ်ခဲ့ပြီး ကျန်ရဲဘော် ၃၆ ဦးအား ဖမ်းဆီးကာ အိန္ဒိယ ထောင်ထဲသို့ ပို့ပစ်ခဲ့သည်။
သတ်ဖြတ်ခံရရာတွင် ပါဝင်ခဲ့သူ ဗိုလ်မှူး စောထွန်းနှင့် ဗိုလ်ရန်နိုင်မှာ ဗိုလ်ရာဇာနှင့် အတူ ထိုင်း-မြန်မာနယ်စပ်မှ လိုက်ပါလာသူများ မဟုတ်ဘဲ အိန္ဒိယ နိုင်ငံမြို့တော် နယူးဒေလီရှိ စစ်ဌာနချုပ်မှ တခြား အိန္ဒိယ ဗိုလ်ချုပ်များနှင့် အတူ စစ်လေယာဉ် တစီးဖြင့် ဗိုလ်ရာဇာနှင့် အဖွဲ့အား ကြိုဆိုရန် လိုက်ပါလာစဉ် လန်းဖေါ့ ကျွန်း အရောက်တွင် သတ်ဖြတ်ခံခဲ့ရသူများ ဖြစ်သည်။
အိန္ဒိယ ထောက်လှမ်းရေးဟောင်း ကာနယ် Grawel သည် ဗိုလ်ရာဇာနှင့် ခေါင်းဆောင် (၆) ဦးအား လုပ်ကြံ သတ်ဖြတ်ပြီးနောက် စာရွက် စာတန်းများနှင့် ဓါတ်ပုံ အထောက်အထားများကို ဖျောက်ဖျက်ရန် ရည်ရွယ်ချက်ဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျန်ရှိခဲ့သော ရခိုင်ပြည် အမျိုးသား ညီညွှတ်ရေး ပါတီမှ ရုံးတာဝန်ခံ ညီညီကျော် အားလည်း အပြတ်ရှင်းပစ်ခဲ့ဟု သိရသည်။
အန်ဒမန်ကျွန်းရှိ ပေါ့ဘလေးယား အကျဉ်းထောင်တွင် ခံဝန်ချက် ကတိဖြင့် ထောင်ကျနေသော ရဲဘော် ၃၆ ဦးထဲမှ ပင်လယ်ပြင်ကို ကျွမ်းကျင်သူ ရဲဘော် ရန်နိုင် (ချေ) နှင့် ကရင် ရဲဘော်တစ်ဦးတို့အားလည်း တိတ်တိတ်ကလေး ခေါ်ယူကာ အစ ဖျောက်ပစ်ခဲ့သည်ဟု လည်း သိရသည်။
ထိုကဲ့သို့ လူသတ်မူ တသီတတန်းကြီး ကျူးလွန်ထားသူ တဦးအား မြန်မာ အစိုးရမှ သူကောင်းပြု ခိုလုံခွင့် ပြုထားခြင်းမှာ Crimes against Humanity ကို မြန်မာ အစိုးရက ထောက်ခံရာ သဘော သက်ရောက်နေကြောင်း လူ့အခွင့်အရေး လူပ်ရှားသူများမှ ပြောသည်။

Green Peace သင်္ဘော ဆေးရုံ လုပ်ရန် ဘင်္ဂလာဒေခ်ျ့သို့ လွှဲ

Green Peace သင်္ဘော ဆေးရုံ လုပ်ရန် ဘင်္ဂလာဒေခ်ျ့သို့ လွှဲ

သဘာဝပတ်ဝန်းကျင် လူပ်ရှားမူ အဖွဲ့ Greenpeace International မှ ၂၂ နှစ်ကြာ အသုံးပြုခဲ့သော သင်္ဘော တစ်စီးကို ရေပေါ် ဆေးရုံ အဖြစ် အသုံးပြုရန် ဘင်္ဂလာဒေခ်ျ့နိုင်ငံသို့ လွှဲပြောင်း ပေးအပ် လိုက်ကြောင်း သတင်း ရရှိသည်။
အဆိုပါသင်္ဘောကို Greenpeace လူပ်ရှားမူ အဖွဲ့မှ ဘင်္ဂလာဒေခ်ျ့ ဒေသ အန်ဂျီအို တခုဖြစ်သော Friendship သို့ သြဂတ်စ် ၁၆ ရက်နေ့က စင်္ကာပူနိုင်ငံတွင် လွှဲပြောင်း ပေးအပ်လိုက်သည်။


green-peace-ship-bangladesh Rainbow Warrior II ကို စင်္ကာပူ ဆိပ်ကမ်းတွင် တွေ့ရစဉ်။
အဆိုပါ သင်္ဘောကို ရေပေါ် ဆေးကုသရာ ဆေးရုံ တစ်ခု အဖြစ် ပြုလုပ် ဖန်တီးပြီး ဘင်္ဂလာဒေခ်ျ့ ကမ်းခြေ တလျှောက် တည်ရှိသော ကျေးရွာများတွင် လှည့်လည် ဆိပ်ကပ်ပြီး ဆေးကုသ ပေးသွားမည် ဖြစ်သည်။
ယခု လွှဲပြောင်းပေးလိုက်သော သင်္ဘော အမည်မှာ သက်တံ့ စစ်သည်တော် “ Rainbow Warrior II” သင်္ဘော ဖြစ်ပြီး ၂၂ နှစ်ကြာအောင် သဘာဝ ပတ်ဝန်းကျင် ခုခံကာကွယ်ရေး လုပ်ငန်းတွင် ဆောင်ရွက်ခဲ့သော သင်္ဘော ဖြစ်သည်။
အဆိုပါ သင်္ဘောသည် ရှေ့လ စက်တင်္ဘာတွင် ဘင်္ဂလာဒေခ်ျ့သို့ ရောက်ရှိမည် ဖြစ်ပြီး ရာသီဥတု ပြောင်းလဲမူကို ဆိုးဆိုးရွားရွား ခံစားနေကြရသော ပင်လယ် ကမ်းခြေ ဒေသမှ ဘင်္ဂလီ ပြည်သူများကို အဓိက ဦးစားပေးကာ ဆေးဝါး ကုသ သွားမည် ဖြစ်ကြောင်းသိရသည်။
ယခု သင်္ဘောအား လွဲပြောင်း လက်ခံသော အန်ဂျီအို Friendship မှာ ဘင်္ဂလာဒေခ်ျ့တွင် လူမူ ကယ်ဆယ်ရေး လုပ်နေသည်မှာ ဆယ်စုနှစ်နှင့် ချီပြီး ကြာမြင့်နေပြီ ဖြစ်သည်။ အဆိုပါ အန်ဂျီသည် ဘင်္ဂလာဒေခ်ျ့၏ ပထမဆုံး ရေပေါ် ဆေးရုံ တစ်ခုကို ၂၀၀၁ ခုနှစ်က စတင် တည်ဆောက်ခဲ့သည်။

ယာဘာ ဆေးပြားများ သယ်လာသူ ၂ ဦး စစ်တွေ လေဆိပ်တွင် ဖမ်းဆီးခံရ

စစ်တွေ လေဆိပ်တွင် ရန်ကုန်မှ ယာဘားဆေးပြားများ သယ်ယူလာသူ နှစ်ဦးကို ဒုစရိုက်နှိမ်နှင်းရေး ရဲအဖွဲ့က ယခုလ ၁၆ ရက်နေ့က ဖမ်းဆီးလိုက်ကြောင်း သတင်း ရရှိသည်။

sittwe
ဖမ်းဆီးခံရသူ နှစ်ဦးမှာ ရခိုင်အမျိုးသားများ ဖြစ်ပြီး ယာဘား ဆေးပြား အလုံး ၃၀၀၀ ကို ဆောင်းဘောက်စ် ထဲတွင် ထည့်ပြီး သယ်ယူလာရာမှ စစ်တွေ လေဆိပ် အရောက်တွင် ဖမ်းဆီးခံရခြင်း ဖြစ်သည်။
ဖမ်းဆီးခံရသူများ၏ နာမည်ကို မသိရသေးသော်လည်း ဖမ်းဆီးမူမှာ မှန်ကန်သည်ဟု လေဆိပ်တွင် အလုပ် လုပ်နေသူ လူငယ် တစ်ဦးက ပြောသည်။
ယာဘား ဆေးပြားများကို လူနှင့် အတူ လက်ရ ဖမ်းမိပါက ထောင်ဒဏ် ၁၂ နှစ် ချမှတ်မည် ဖြစ်ပြီး သုံးစွဲသည်ဟု တွေ့ရှိပါက ထောင်ဒဏ် ၁၇ နှစ် ချမှတ်မည်ဟု အမိန့်ထုတ်ထားသဖြင့် သူတို့ နှစ်ဦးမှာ နှစ်ရှည်လများ ထောင်ကျနိုင်သည်ဟု သူက ပြောသည်။ သူတို့ကို ယခုအခါ စစ်တွေအမှတ် (၁) ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သိရသည်။
လွန်ခဲ့သည့်လ အနည်းငယ်ကလည်း စစ်တွေမြို့တွင် ပုစွန်ဒိုင်ဖွင့်ပြီး ချမ်းသာနေသော ကျောက်တော်မြို့သား တစ်ဦးကို မူးယစ် ဆေးဝါး အမှုဖြင့် ဖမ်းဆီးကာ ထောင်ဒဏ်နှစ်ရှည်လများ ချမှတ်ခြင်းခံနေရသည်ဟု သိရသည်။
၎င်းအပြင် လွန်ခဲ့ သောအပတ်ကလည်း ဦးဥတ္တမပန်းခြံ အနီးရှိ မြို့မ ရုပ်ရှင်ရုံတွင် မူးယစ်ဆေးဝါး သုံးစွဲပြီး သတိမေ့နေသော ကျောင်းသူ တယောက်နှင့် ကျောင်သား တယောက်အား ရဲတပ်ဖွဲ့မှ ဖမ်းဆီးသွား သည်ဟု မျက်မြင်များက ပြောသည်။
စစ်တွေတက္ကသိုလ်ကျောင်းသားတယောက်ကလည်း စစ်တွေတွင် မူးယစ်ဆေးဝါး သုံးစွဲသူ များလာနေကြောင်းကို ယခုလို ပြောသည်။
"စစ်တွေမြို့မှာ ခုဆိုလို့ရှိရင် လူကြီး လူငယ်မရွေး မူးယစ်ဆေးဝါးတွေ ပိုမို သုံးစွဲ လာကြတာကို တွေ့ရပါတယ်။ အရက် မဟုတ်ရင် ဆေးပြားပါပဲ။ တော်တော် အကျင့်ပျက်နေကြပါ တယ်။ ဆေးပြားကို အာဏာပိုင်တွေနဲ့ နားလည်မှုယူပြီး နေရာအနှံ့မှာ ရောင်းနေကြပါတယ်။ အစိုးရက တမင် သက်သက် ရခိုင်လူငယ်တွေရဲ့ ပညာရေးကို အညွန့် ချိုးနေတာပဲ ဖြစ်နိုင်ပါတယ်။ နောက်ဆိုရင် ရခိုင်ပြည်ကြီး ဟာဘာဖြစ် လာမှာလဲတော့ မသိဘူးဗျာ" ဟုပြောသည်။
စစ်တွေမြို့ရှိ အထက်တန်းကျာင်းများ အနီးရှိ ကွမ်းယာဆိုင်များ တချို့တွင် မူးယစ်ဆေးဝါးများကို ကွမ်းယာနှင့် ရောပြီး ရောင်းနေကြကြောင်း သိရသည်။ အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မေးမြန်းရန် စစ်တွေ အမှတ်(၁) ရဲ စခန်းသို့ ဖုံးဆက်သွယ်ရာ ရဲသား တစ်ဦးမှ ဖုံးကိုင်သော်လည်း အထက်အရာရှိ မရှိဟု ဆိုကာ ဖုံးချသွားခဲ့သည်။
အစိုးရမှ ယခုအခါ စစ်တွေမြို့ကို ဒုစရိုက် ကင်းရှင်းရေး မြို့အဖြစ် ပြုလုပ်ရန် စီမံချက် ချထားရာ ယခုလပိုင်း အတွင်း မူးယစ်ဆေးဝါးအမှုဖြင့် လူပေါင်း ၂၀ ကျော် ခန့် စစ်တွေတွင် ဖမ်းဆီး ခံခဲ့ရသည်ဟု သိရသည်။

ရခိုင်သားအားလုံးကိုကြိုဆိုပါသည်

အားလုံးမင်္ဂလာပါ

Twitter Delicious Facebook Digg Stumbleupon Favorites More